Software Technology ကိုစတင်လေ့လာနေတဲ့ လူငယ်တွေအတွက် လေ့လာစောင့်ကြည့်သင့်တဲ့ Mentor (၅) ဦး။
Updated: Dec 27, 2022
ကျွန်တော်တို့ဟာ နည်းပညာနယ်ပယ်အသစ်တစ်ခုကို စတင်လေ့လာတော့မယ်ဆိုရင်ကျွန်တော်တို့အတွက် လေmentor ကောင်းများရှိနေဖို့လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ Mentor ကောင်းများရဲ့အတွေ့အကြုံ တွေမှတစ်ဆင့် ကျွန်တော်တို့သိလိုတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေကို လွယ်လင့်တကူသိရှိနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့Software Technology ကိုလေ့လာချင်ပေမယ့် ဘယ်လို စလေ့လာရမလဲ။ ဘယ်သူတွေဆီကလေ့လာရမလဲ မသိတဲ့လူငယ်တွေအတွက် Software Engineerနယ်ပယ်မှာ အောင်မြင်တဲ့လမ်းခရီးကို လျှောက်လှမ်းနေကြပြီးသူတို့ရဲ့ Engineering နယ်ပယ်မှာတွေ့ကြုံရတဲ့ အတွေ့အကြုံတွေကိုမျှဝေပေးနေတဲ့ Mentor ၅ဦးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ဒီ mentor တွေကဘယ်သူတွေလဲဆိုတာ ကျွန်တော်နဲ့အတူ လေ့လာကြည့်ကြရအောင်။
#umgidealabventurebuilder #technology #entrepreneur

Mayuko Inoue
ကျွန်တော်ပထမဆုံးမိတ်ဆက်ပေးချင်တဲ့လူကတော့ အမျိုးသမီး Software Engineer တစ်ဦးဖြစ်ပြီး လက်ရှိ Youtube Channel မှာFollower ၅ သိန်းကျော် ရရှိထားတဲ့ Mayuko Inoue အကြောင်းပဲဖြစ်ပါတယ်။
ဂျပန်အမေရိကန်လူမျိုးMayuko Inoue က Content Creator နဲ့ Patreon နှင့် Netflix တို့မှာ iOS Software Engineer ဟောင်းတစ်ဦးအဖြစ်လုပ်ကိုင်သူလည်းဖြစ်ပါတယ်။
လက်ရှိမှာ Mayuko ကTechnology ကိုလေ့လာနေတဲ့လူငယ်တွေအတွက် Youtube မှတစ်ဆင့် ဗဟုသုတရစရာအကြောင်းတွေဝေမျှပေးနေတဲ့ Youtuber တစ်ယောက်လည်းဖြစ်ပါတယ်။
သူမရဲ့ coding ကိုလေ့လာရာမှာတွေ့ကြုံရတဲ့အခက်အခဲတွေ Software Technology နယ်ပယ်ကိုဘယ်လိုဝင်ရောက်ခဲ့ပုံတွေစတဲ့အကြောင်းအရာတွေကို Technology အကြောင်းစိတ်ဝင်စားတဲ့ လူငယ်တွေအတွက်
ဒီYoutube Channel လေးကနေမျှဝေပေးထားလို့ လေ့လာချင်တဲ့သူတွေ subscribe လုပ်ထားသင့်တဲ့ Channel လည်းဖြစ်ပါတယ်။
https://www.youtube.com/c/hellomayuko

Forrest Knight
နောက်ထပ်ပြောပြပေးချင်တဲ့ mentor တစ်ဦးကတော့Forrest Knight ဖြစ်ပါတယ်။
Java မှာ Software Engineer အဖြစ် 2013 ခုနှစ်ကတည်းက Coding ရေးကာအလုပ်လုပ်ကိုင်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။
သူဟာ Coding ရေးနည်းကိုအခြေခံမှစပြီး လေ့လာခဲ့တဲ့အပြင် Designရေးဆွဲနည်းကိုပါ လေ့လာ သင်ယူခဲ့သူလည်းဖြစ်ပါတယ်။
လက်တွေ့ဘဝပြဿနာများကိုဖြေရှင်းရာမှာလည်း Coding နည်းဖြင့် ဖြေရှင်းနိုင်တယ်ဆိုတဲ့ အကြောင်းအရာများ ကိုလည်းလေ့လာခဲ့ပါတယ်။
Content Creator လည်းဖြစ်တဲ့အတွက် သူ့ရဲ့ Youtube videoတွေကိုလေ့လာကြည့်မယ်ဆိုရင် သူများနဲ့မတူပဲ တစ်မူထူးခြားနေတဲ့စိတ်ကူး Idea ဆန်းသစ်မှုကိုလေ့လာနိုင်ပါတယ်။
Software , Coding နဲ့ Design ရေးဆွဲတဲ့ အကြောင်းအရာတွေကို "Forrest Knight" ဆိုတဲ့YouTube Channel မှာမျှဝေပေးထားတာဖြစ်လို့ Coding ကိုလေ့လာလိုက်စားနေတဲ့လူငယ်တွေအနေနဲ့ ကြည့်သင့်တဲ့ချန်နယ်တစ်ခုဖြစ်ပါတယ်။
https://www.youtube.com/results?search_query=forest+knight

Luba Yudasina
Luba Yudasina သည် Loka ၏တည်ထောင်သူဖြစ်ပြီး အရှေ့ဥရောပမှ အင်ဂျင်နီယာစွမ်းရည်များကို start-up များနှင့် ချိတ်ဆက်ပေးသည့် ပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။
Loka မတိုင်မီ၊ သူမက AirBnb မှာကုန်ပစ္စည်းမန်နေဂျာတစ်ဦးဖြစ်ခဲ့ပြီး ထုတ်ကုန်မန်နေဂျာ၊ ဝန်ထမ်းအကြီးအကဲနှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးအဖြစ်လည်း လုပ်ဆောင်ခဲ့ပါတယ်။
သူမရဲ့ 105 K subscriber ရှိတဲ့ Life of Luba Youtube Channel မှာဆိုရင် Software Engineering ကိုသူမဘယ်လိုလေ့လာခဲ့တယ်ဆိုတဲ့ အကြောင်းအရာများစွာအပြင်သူမရဲ့ Coding လေ့လာခဲ့ပုံတွေကို Technology ကိုလေ့လာသင်ယူနေတဲ့လူငယ်တွေအတွက် မျှဝေပေးထားတဲ့ ချန်နယ်တစ်ခုဖြစ်ပါတယ်။
https://www.youtube.com/results?search_query=life+of+Luba

Maya Bello
San Diego ကယ်လီဖိုးနီးယား တက္ကသိုလ်မှာကွန်ပျူတာသိပ္ပံဘွဲ့ နဲ့ ကျောင်းပြီးခဲ့တဲ့ Maya ဟာ ကောလိပ်မှာ Coding ရေးနည်းကိုသင် ယူခဲ့ပါတယ်။
တက္ကသိုလ် ပထမနှစ်ရဲ့ ပထမနှစ်ဝက်မှာ သူမဟာ coding ရေးနည်းကိုသင်ယူခဲ့ပေမယ့်သူမအတွက်မလွယ်ကူခဲ့ပါဘူး။ ဒီလိုနဲ့ကြိုးစားသင်ယူလာခဲ့တဲ့ သူမဟာဆိုရင် အခုအချိန်မှာ Software Engineer တစ်ယောက်ဖြစ်နေပါပြီ။
ဒါကြောင့် သူမရဲ့ အတွေ့အကြုံတွေနဲ့ Software Engineering အကြောင်းတွေကို လေ့လာချင်တယ်ဆိုရင် Technology ကိုစိတ်ဝင်စားတဲ့လူငယ်တိုင်း သူမရဲ့ Youtube Channel ကို subscribe လုပ်ထားသင့်ပါတယ်ခင်ဗျာ။
https://www.youtube.com/c/MayaBello/playlists

Vasil Blanco- Nunev
နောက်ထပ်ပြောပြပေးချင်တဲ့ mentor တစ်ဦးကတော့ Vasil ဖြစ်ပါတယ်။ Vasil ဟာUK နိုင်ငံရှိ University of Greenwich မှ Software Engineer အဖြစ် ဘွဲ့ရခဲ့ပြီး လက်ရှိမှာiOS Developer တစ်ယောက်လည်းဖြစ်ပါတယ်။
သူဟာ Software အပိုင်းကိုလေ့လာနေရင်းနဲ့ သူဝါသနာပါတဲ့ အလုပ်ဖြစ်တယ်ဆိုတာသိရှိသွားပြီး Software Developer လမ်းကြောင်းကိုစတင်ဝင်ရောက်လုပ်ကိုင် ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်သူဝါသနာပါရာလမ်းကြောင်းကိုလျှောက်လမ်းနေပြီး အောင်မြင်နေတဲ့ mentor လည်းဖြစ် Youtuber တစ်ယောက်လည်းဖြစ်တဲ့ Vasil ကလူငယ်တွေအတွက် ဗဟုသုတရ စရာအကြောင်းအရာတွေမျှဝေပေးထားလို့ သူ့ရဲ့ Youtube Channel လေးကိုလည်း subscribe လုပ်ထားသင့်ပါတယ်ခင်ဗျာ။
https://www.youtube.com/c/VasilNunev.
အခုဆိုရင် Software Technology နယ်ပယ်မှာ အောင်မြင်နေတဲ့ mentor များအကြောင်း ပြောပြပေးသွားတာဖြစ်လို့ ဗဟုသုတရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဝါသနာပါရာစိတ်ကူးအိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ရာ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက်ကျွန်တော်တို့ IdeaLab ကအမြဲအတူ ရှိနေပေးမယ့်အပြင် Software Technology လမ်းကြောင်းကိုလျှောက်လှမ်းချင်တဲ့ လူငယ်တွေလေ့လာဖို့
Tech Talk အစီအစဉ်လေးလည်းရှိပါတယ်။
ဒါကြောင့်Tech Talk Video Episode 1 မကြည့်ရသေးတဲ့သူတွေ အတွက်အသေးစိတ်ကို ဖော်ပြပါ Video လေးမှတဆင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
Video Link - https://fb.watch/gkXgthnI9m/