Pitch Deck လုပ်ဖို့ရာ ရင်းနှီးကျွမ်းဝင်ဖို့ ဝင်ရောက်လေ့လာထားသင့်တဲ့ Mentor များ
Pitch Deck လုပ်ဖို့ရာ ရင်းနှီးကျွမ်းဝင်ဖို့ ဝင်ရောက်လေ့လာထားသင့်တဲ့ Mentor များ။
ကျွန်တော်တို့ရဲ့ လုပ်ငန်းစတင်၊ချဲ့ထွင်တိုးချဲ့ဖို့ရာ Investor တွေဆီ ကျွန်တော်တို့ လုပ်ငန်းရဲ့ စိတ်ဝင်စားစရာ Pitch Dek တွေ ကောင်းမွန်စွာပြသနိုင်ဖို့က ကျွန်တော်တို့ StartUp Founder တွေရဲ့ အရေးကြီးတဲ့ အချိန်အခါတစ်ခုပါပဲ။
ဒီတော့ ကောင်းမွန်တဲ့ Pitch Deck တစ်ခုပြသနိုင်ဖို့ ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ Pitch Deck လုပ်ဖို့ရာ ရင်းနှီးကျွမ်းဝင်နေနိုင်အောင် လေ့လာထားသင့်တဲ့ Mentor များအကြောင်းကို ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။
အောင်မြင်စွာ Pitching ပြုလုပ်နိုင်ခဲ့တဲ့ လုပ်ငန်းတွေရဲ့ Pitch Deck တွေကို ပြသလမ်းညွှန်ပေးနေသူတွေ၊ လိုအပ်တဲ့ဆောင်ရန်ရှောင်ရန်များကို ပြောပြပေးနေသူတွေထဲက စဉ်ဆက်မပြတ်မျှဝေပေးနေသူတွေကို ရွေးချယ်ဖော်ပြပေးထားတာမို့ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်။

Jose Cayasso | Slidebean
StartUp တွေကို Investor တွေဆီသို့ပြသနိုင်ဖို့ကူညီပေးမယ်ဆိုတဲ့သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဒီ Channel ကိုစတင်တည်ထောင်ခဲ့တဲ့ Caya က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ၊ အခြားသော StartUp လုပ်ငန်းများမှ အတွေ့အကြုံများကို အခြေခံကာ Pitch Deck နဲ့သက်ဆိုင်တဲ့အကြောင်းအရာများသီးသန့်မျှဝေပေးနေပါတယ်။
StartUp နယ်ပယ်မှာ အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ Pitch Deck တွေကို ပြန်လည်ပြသပေးတာကြောင့် Pitch Deck တွေလေ့လာလိုတဲ့ Founder တွေအကြိုက်တွေ့စေမယ့် ချန်နယ်တစ်ခုပါပဲ။
သူ့ချန်နယ်မှာ Pitching ပြသရာမှာ အောင်မြင်ခဲ့သော ကုမ္ပဏီများအကြောင်း၊ အလုပ်လက်မတွဲဖြစ်သော ကုမ္ပဏီများအကြောင်းကိုပါပြောပြပေးထားတာမို့ အောင်မြင်သူတွေထံကလည်းနည်းနာသင်ယူနိုင်သလို အခက်အခဲရှိခဲ့သူတွေထံကနေလည်း သင်ခန်းစာများလေ့လာနိုင်တာမို့ Pitching စိတ်ဝင်စားတဲ့သူတိုင်းဝင်ကြည့်သင့်တဲ့ Channel တစ်ခုပါပဲ။
Link - https://youtube.com/c/Slidebean

Steve Welch | Dreamit
StartUp ပေါင်း ၃၂၀ ကို အောင်မြင်အောင်ကူညီပေးနိုင်ခဲ့တဲ့ Dreamit က Fundrising နဲ့ Pitching တွေအကြောင်းကို အဓိကထားမျှဝေပေးနေကြသူများ အဖွဲ့အစည်းဖြစ်ပါတယ်။ Investor တွေအတွက် Pitching ပေးပို့ရာမှာ ဆောင်ရန်ရှောင်ရန်တွေ၊ Pitch Deck တစ်ခုကောင်းမွန်စွာဖန်တီးနိုင်ဖို့နည်းလမ်းတွေ၊ StartUp Strategy တွေအပြင် ပညာရှင်တွေနဲ့ Live Stream တွေကိုပါ ပြုလုပ်မျှဝေပေးနေပါတယ်။
StartUp နယ်ပယ်မှာ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေ Investor ရှာဖွေမှုတွေကို အဓိကထားမျှဝေပေးနေတာကြောင့် Fundrising ကိုလေ့လာချင်တဲ့ Founder တွေသဘောကျနှစ်ခြိုက်စွာလေ့လာနိုင်မှာပါ။
သူ့ချန်နယ်မှာ Playlist တွေအလိုက်စိတ်ပါဝင်စားရာကို လေ့လာနိုင်တဲ့အပြင် မတူညီတဲ့ Host အသီးသီးက Pitching, Fundraising အကြောင်းကို Technology, Business အစုံမျှဝေပေးနေတာမို့ ဝင်ရောက်လေ့လာနိုင်တဲ့ Channel တစ်ခုပါပဲ။
Link - https://youtube.com/c/DreamItVentures

Heini Zachariassen | Raw Startup
Heini Zachariassen တည်ထောင်ထားတဲ့ Raw StartUp ကတော့ StartUp တွေရဲ့လေ့လာရာနေရာလို့ သူရည်ရွယ်ထားတဲ့အတိုင်း ဒီချန်နယ်မှာ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေအပြင် Entrepreneur တွေအတွက် Guideline တွေပါပြောပြပေးနေပါတယ်။ တည်ထောာင်သူကိုယ်တိုင်ကလည်း အကြီးဆုံး Wine Application ကိုတည်ထောင်ထားသူဖြစ်လို့ သူ့ရဲ့အတွေ့အကြုံတွေကိုပါမျှဝေပေးနေလို့ တကယ်နယ်ပယ်တွင်းအကြောင်းအရာတွေကို သိရှိလိုသူတွေ လေ့လာနိုင်မှာပါ။
Pitch Deck Guide တွေကိုလည်း ဥပမာနှင့်တကွရှင်းပြထားပြီး Angel Investor တွေဘယ်လိုရှာဖွေနိုင်မလဲ၊ ဘယ်လိုအကြောင်းအရာတွေကို Investor ဆီတင်ဆက်သင့်လဲဆိုတာတွေကိုပါမျှဝေထားလို့ လတ်တလော Pitch Deck ပြင်ဆင်နေသူတွေအတွက် စိတ်ကြိုက်လေ့လာနိုင်မယ့် Channel တစ်ခုပါပဲ။
Link - https://youtube.com/c/RawStartup

Matt C Smith
စိတ်ဝင်စားစရာဆန်းသစ်တီထွင်တဲ့ အကြောင်းအရာတွေ၊ StartUp (How To) ဆိုတဲ့ လက်တွေ့လုပ်ဆောင်နိုင်မယ့်အကြောင်းအရာတွေ၊ Entrepreneur လှို့ဝှက်ချက်တွေ စသည်ဖြင့် မျှဝေပေးနေတဲ့ Matt က ဆိုရှယ်ချန်နယ်များစွာမှာရှိနေလို့ လက်လှမ်းမီစွာလေ့လာနိုင်ပါတယ်။
Hosting ကျွမ်းကျင်ပြီး စာရေးသူတစ်ယောက်လည်းဖြစ်လို့ ရှင်းလင်းပြတ်သားတဲ့သူ့ဖန်တီးမှုတွေက လေ့လာလိုသူတွေအတွက် အထောက်အပံ့ကောင်းလာနိုင်ပါတယ်။
Investor တွေက သိရှိလိုတဲ့အချက်တွေက ဘာဖြစ်မလဲ။ ပိုမိုကောင်းမွန်တဲ့ Pitch တစ်ခုရရှိအောင်လုပ်ဆောင်ရမယ့်အချက်။ စသည်ဖြင့် မှတ်သားဖွယ်ရာများကို မျှဝေပေးနေတာမို့ Fundraising ပြုလုပ်ဖို့ပြင်ဆင်နေတဲ့ Founder တွေကြည့်ရှုသင့်တဲ့ Channel တစ်ခုပါပဲ။
Link - https://youtube.com/c/LUNICORN

Trevor Blackwell | Y Combinator
Y Combinator ကတော့ ကမ္ဘာတစ်ဝှမ်းက Startup တွေကို အမှန်တကယ်ကြီးထွားဖွံဖြိုးစေဖို့ နည်းမှန်လမ်းမှန်နဲ့ ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပြင် Podcast တွေ၊ StartUp School စတဲ့ Series တွေမျှဝေပေးနေတာလည်းဖြစ်ပါတယ်။
Startup တွေကို ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အမှန်တကယ်လိုအပ်ချက်တွေကို သိရှိပြီး Startup တွေကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေမျှဝေပေးနေတာမို့ လေ့လာစရာများစွာရှိပါတယ်။
အထူးသဖြင့် StartUp School Series ရဲ့ ကိုယ့်ရဲ့ StartUp Idea ကိုချဲ့ထွင်နည်း၊ ပြန်လည်တိုင်းတာနည်း စတာတွေကိုအသေးစိတ်မျှဝေပေးနေတာမို့ အခုမှစတင်ပြီး StartUp နယ်ပယ်ကိုလေ့လာမယ့်သူတွေအတွက် ဝင်ရောက်ကြည့်ရှုသင့်တဲ့ Channel တစ်ခုပါပဲ။
အခုဆို StartUp တစ်ခုစတင်ပြီးနောက်လိုအပ်တဲ့ငွေကြေးပမာဏ၊အကြံဥာဏ်၊ လိုအပ်တဲ့နည်းပညာတွေရရှိဖို့ Pitch Deck တွေဖန်တီးရာမှာ အထောက်အကူဖြစ်စေမယ့် Mentor တွေကို သိရှိပြီးပြီဆိုတော့ ဝင်ရောက်လေ့လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
" လူငယ်စွန့်ဦးတီထွင်သူများအတွက် နားခိုစရာတစ်ခုအဖြစ် အမြဲရှိနေမယ့် IdeaLab Venture Builder "
#umgidealabventurebuilder#startup#venturecapital#venturebuilders